စာရေးသူ

အားလုံးမြင်နိုင်ရန်

စာမူ/ အကြောင်းအရာ များ sawjefry

လူသားစစ်တုရင်

စစ်တုရင် ကစားနည်းသည် စစ်ဗျူဟာ
နှင့်ဆိုင်သော ရှေးခေတ်ကစားနည်းတစ်ခု ဖြစ် သည်။ ကစားသမားတိုင်းသည် မိမိပြိုင်ဘက်၏ ဘုရင်ကို ဖမ်းမိရန် ရည်ရွယ် ချက်ဖြင့် စစ်တုရင်အရုပ် ၁၆ ခုနှင့် ကစားရသည်။ စစ်တုရင်ကစားနည်း ပုံစံက နှစ်ကြာလာသည်နှင့်အမျှ ပုံစံအမျိုးမျိုးဖြစ် လာသည်။ ၎င်းပုံစံများအနက် အေဒီ ၇၃၅ ခန့်က သြစတြေးရှား မြို့စားကြီး ချာလီမာတာ အစပြု
မိတ်ဆက်ပေးသည့်ပုံစံတစ်ခုမှာ လူသားစစ်တုရင်
ဖြစ်သည်။ မာတာသည် တကယ့်လူအစစ်ကို စစ်တုရင် နယ်ရုပ်အဖြစ် ဧရာမခုံပေါ်ရပ်စေပြီး စစ်တုရင်ကစားသည်။ ထိုလူသားစစ်တုရင်များ သည် ၎င်းတို့၏အဆင့်ရာထူးကိုဖော်ပြသည့် ဝတ်စုံ ကို ဝတ်ဆင်ရပြီး၊ ကစားသူများ၏စိတ်ကူး အတိုင်း ကစားသမားများ၏စိတ်တိုင်းကျ လိုက်၍ ရွေ့ပေးရသည်။
စင်စစ်ဤသို့ လူသားစစ်တုရင်ကစားနည်းမျိုးကို မကြာခဏ ကျွန်ုပ်တို့ ကစားကြသည် မဟုတ်ပါလား။ မိမိ၏ရည်မှန်းချက်ပန်းတိုင်ရောက်အောင် အားထုတ်ရင်း လူတို့ကို နယ်ရုပ်ပမာ…

နာမည်နှင့်တကွ ခေါ်ခြင်း

ပညာသင်နှစ်အစတွင် ကျွန်ုပ်တို့မြို့ရှိ
ကျောင်းအုပ် ဆရာမကြီးက သူမ၏ကျောင်းရှိ ကျောင်းသား ၆၀၀ တို့၏နာမည်ကို မှတ်မိရန်
ကြိုးစားပါမည်ဟု ကတိပေးခဲ့သည်။ ဆရာမကြီး၏
စွမ်းရည် (သို့) ခွဲခြားမှတ်နိုင်စွမ်းကို သံသယရှိကြသူ မည်သူမဆို ဆရာမကြီး၏စံချိန်ကို ကြည့်နိုင်သည်။ လွန်ခဲ့သည့်နှစ်က ကျောင်းသား ၇၀၀ ၏အမည်ကို သိခဲ့ပြီး၊ အခြားကျောင်းမှ ကျောင်းသား ၄၀၀ တို့၏နာမည်ကိုလည်း သိသည်။ ထိုကဲ့သို့ နာမည်နှင့်တကွမှတ်မိပြီး၊ နှုတ်ဆက်ခံရသည့် ကျောင်းသားများအဖို့ မည်မျှကျေနပ်စရာကောင်း သည်ကို စဉ်းစားကြည့်ပါ။
ယေရှုနှင့်ဇက္ခဲတို့၏ ဇာတ်လမ်းသည် (လု ၁၉း၁-၁၀) ကိုယ်တိုင် အသိအမှတ်ပြုခံရခြင်း အကြောင်း အံ့သြစရာအခြေခံသဘောတရား တစ်ခု ဖြစ်သည်။ သခင်ယေရှု ယေရိခေါမြို့ထဲ ဖြတ်လာစဉ်၊ ဇက္ခဲအမည်ရှိ ချမ်းသာသောအခွန်ခံသည် ယေရှုကိုမြင်ရရန် သစ်ပင်ပေါ် တက်ကြည့်ခဲ့သည်။ “ထိုအရပ်သို့ ယေရှုသည် ရောက်တော်မူသောအခါ မျှော်ကြည့်၍ ထိုသူကိုမြင်တော်မူလျှင်၊ ဇက္ခဲ၊…

သင်မည်သူ့ဘက်မှာရှိသနည်း

အမေရိကန် ပြည်တွင်းစစ်ကြီး ပြင်းထန်သည့်အချိန်တွင် သမ္မတလင်ကွန်း၏ အကြံပေးပုဂ္ဂိုလ်များ အနက်တစ်ဦးက ဘုရားသခင်
သည် ပြည်ထောင်စုယူနီယံဘက်မှာ ရပ်တည်
ပေးခြင်းကြောင့် ကျေးဇူးတော်ချီးမွမ်းသည်။ သမ္မတကြီးက “ဘုရားသခင် ကျွန်ုပ်တို့ဘက်မှာ ရှိတာ မရှိတာ ကျွန်ုပ်မစိုးရိမ်ဘူး။ အမြဲတမ်း မှန်ကန်တဲ့ဘုရားသခင်ဘက်မှာ ကျွန်ုပ်တို့ ရှိမနေမှာကို အစိုးရိမ်ဆုံးပဲ” ဟု ပြန်ပြောခဲ့သည်။
ဘုရားသခင်သည် မိမိ၏အစီအစဉ်၊ အမြင်၊ ဆုံးဖြတ်ချက်နှင့် စိတ်ဆန္ဒများကို ကူညီ
ထောက်ပံ့ပေးရန် အသင့်ရှိသူအဖြစ် ကျွန်ုပ်တို့
ထင်မြင်တတ်ခြင်းသည် တကယ့်ပြဿနာတစ်ရပ်ဖြစ်သည်။ သို့သော် အကောင်းဆုံးသော ကျွန်ုပ်တို့၏အစီအစဉ်များပင်လျှင် ဘုရားသခင်၏စိတ်အလိုနှင့်ကိုက်ညီရန် မဖြစ်နိုင် ကြောင်း သမ္မတလင်ကွန်း၏ တုန့်ပြန်ချက်က သတိပေးသည်။
“အို ဘုရားသခင်၊ အကျွန်ုပ်ကို စစ်ကြော၍၊ အကျွန်ုပ်၏နှလုံးကို သိမှတ်
တော်မူပါ။ …. ဆိုးသောလမ်းသို့ အကျွန်ုပ်လိုက်သည် မလိုက်သည်ကို ကြည့်ရှု၍၊ ထာဝရလမ်းထဲသို့ သွေးဆောင်တော်မူပါ။” (ဆာလံ…

လမ်းပျောက် မျက်ခြေပြတ်သွားခြင်း

နယူးယောက် ဥပဒေအဖွဲ့အစည်း တစ်ခုမှ ထုတ်ပြန်သော အွန်လိုင်း စာရင်းကောက် ယူချက်အရ ငွေကြေးလုပ်ငန်း ဗဟိုဈေးကွက် (Wall Street) ရှိ ကုန်သည်၊ ပွဲစား၊ ငွေရင်းနှီး
မြုပ်နှံသူ ဘဏ်လုပ်ငန်းရှင်များနှင့် အခြားသော ငွေကြေးလုပ်ငန်းဆိုင်ရာ စီးပွားရေးပညာရှင်များ၏ ၅၂% သည် တရားဥပဒေနှင့် ဆန့်ကျင်သည့်
လုပ်ရပ်များနှင့် ပတ်သက်လျက်ရှိပြီး အောင်မြင်ရေး အတွက် ထိုသို့လုပ်ဆောင်ရန် လိုသည်ဟု ယုံကြည်ကြသည်။ ထိုသို့ ငွေကြေးကဏ္ဍတွင် ဦးဆောင်နေသူများသည် “အကျင့်စာရိတ္တခြစားပြီး အဖွဲ့အစည်းအတွင်း မမှန်မကန်လုပ်ရပ်များကို မဖြစ်မနေ ပြုလုပ်ရသောကိစ္စတစ်ခုအဖြစ် လက်ခံ ကြသည်”ဟူ၍ လေ့လာချက်မှသုံးသပ်ထားသည်။
ငယ်ရွယ်သူ တိမောသေအား သွန်သင် ရာ၌ ငွေကိုချစ်ပြီး၊ ချမ်းသာမှုကို တပ်မက်ခြင်း ကြောင့် လူအချို့လမ်းပျောက်နေကြကြောင်း၊ ထိုသူများသည် သွေးဆောင်ဖြားယောင်းခြင်း နောက်သို့ လိုက်ပါသွားပြီး၊ “မိုက်မဲခြင်းနှင့်ဖျက်ဆီးတတ်သော တပ်မက်ခြင်း” များထဲသို့ ကျရောက်ကြောင်း (၁…

ဆေးစွဲခြင်းမှ ကြိုးပမ်းရုန်းထွက်ခြင်း

အဲရစ်တစ်ယောက် အမှန်ပင် ဆေးစွဲနေ
ပြီး သူ့ကိုယ်သူသိသည်။ သူငယ်ချင်းနှင့် မိသားစုများ
ကလည်း ဆေးဖြတ်ရန် တိုက်တွန်းကြသည်။ ဆေးဖြတ်လိုက်လျှင် သူ့ကျန်းမာရေးနှင့် လူမှု ဆက်ဆံရေးများအတွက် အကောင်းဆုံး ဖြစ်မည် ကိုလည်း သူလက်ခံသည်။ သို့သော် သူ၌ ကူညီရာမဲ့ ဖြစ်နေသည်။ မိမိ၏အကျင့်ဆိုးကို မည်သို့မည်ပုံ ဖြတ်နိုင်ခဲ့ကြောင်း အခြားသူများပြောလာသည့်အခါ “မင်းတို့အတွက် ဝမ်းသာပါတယ်။ ဒါပေမယ့် ငါတော့ဖြတ်လို့မရနိုင်သေးဘူး။ အစကတည်းက ဒီဖြားယောင်းခြင်းနောက် မပါသွားရမှာ၊ ဒီစွဲလန်း တောင့်တစိတ်တွေကို အခုချက်ချင်း ဘုရားက အဝေးကို သယ်သွားရင် ကောင်းမှာပဲ” ဟု သူပြန်ပြောသည်။
ဆေးဖြတ်ရာတွင် လူအချို့အတွက် မြန်ကောင်းမြန်နိုင်ငြားလည်း လူအများစု အတွက်တော့ နေ့စဉ်တိုက်ပွဲရင်ဆိုင်ရသလိုပင်။ ဖြားယောင်းခြင်းများ ဘာကြောင့် အဝေးသို့
မသွားသနည်းဟု ကျွန်ုပ်တို့နားမလည်နိုင်စဉ်မှာ မည်သည့်လမ်းသို့ပင် ရောက်နေရောက်နေ
ဘုရားသခင်ထံသို့ ကျွန်ုပ်တို့ လှည့်ပြန်နိုင်သည်။ ၎င်းသည် ဖြားယောင်းခြင်းမှ…

“မြင်ရသည့်အတိုင်း” ရောင်းရန်ရှိသည်

အိမ်တစ်လုံးကို `မြင်ရသည့်အတိုင်း´ ရောင်းမည်ဟု ဆိုင်းဘုတ်တင်ထားလျှင် အိမ်ရှင်က အိမ်ပြင်ရန်၊ ကြည့်ကောင်းအောင်လုပ်ရန် ငွေမသုံး လိုသည့် သဘောသက်ရောက်သည်။ ပြုပြင်ရန် လိုအပ်သမျှ (သို့) လိုချင်သည့် ပုံစံအတိုင်း ကောင်းအောင်ပြန်ပြင်ရန်မှာ အရောင်းအဝယ် အထမြောက်ပြီးနောက် ဝယ်ယူသူက လုပ်ဆောင် ရန် ဖြစ်သည်။ “ မြင်ရသည့်အတိုင်း” ဟု အိမ်ရာ ရောင်းဝယ်ရေးက ခေါင်းစဉ်တပ်ထားလျှင် “ဝယ် မည့်သူများ သတိပြု။ အိမ်ပြင်စရိတ်အတွက် ငွေ အတော်များများထပ်လိုက်ရမည်” ဟုပြောခြင်းပင်။
၎င်းသည် ကျွန်ုပ်တို့၏အခြေအနေ မည်သို့ရှိသည်ကို မစဉ်းစားဘဲ ကျွန်ုပ်တို့အတွက် သခင်ယေရှု အသေခံစဉ်က အမြင့်ဆုံးဈေးဖြင့် ရွေးနုတ်ခဲ့ခြင်းအဖြစ်သည် အလွန်မှထူးခြားသည်။ ဗျာဒိတ်ကျမ်း အခန်းကြီး (၅) တွင် “ယုဒအမျိုး ခြင်္သေ့တည်းဟူသော ဒါဝိဒ်၏အမြစ်”သည် ထိုစာစောင်ကို၎င်း၊ တံဆိပ်ခုနှစ်ချက်တို့ကို၎င်း ဖွင့်ခြင်းငှာ အောင်မြင်ကြောင်း ကောင်းကင်ဘုံမြင်ကွင်းကို သရုပ်ဖော်ထားသည်။ (း၃-၅) သခင်သည်…

ပျော်ရွှင်ဖွယ် နိဂုံး

သမ္မာကျမ်းစာ၏ “ဇာတ်အိမ်”ဖွဲ့ပုံ သည်
၎င်းအစပြုသည့် အကြောင်းအရာဖြင့်ပင် အဆုံး သတ်ထားသည်။ ဘုရားနှင့်လူကြား ပျက်စီးခဲ့သည့်
ဆက်ဆံရေးကို အဆုံး၌ ပြန်လည်တည်ဆောက်
နိုင်ခဲ့ပြီး ကမ္ဘာဦးကျမ်း အခန်းကြီး ၃ မှ ကျိန်ခြင်း အမင်္ဂလာကို ဖယ်ရှားနိုင်ခဲ့သည်။ ဧဒင်ဥယျာဉ်၏
ပုံရိပ်များကိုမှီငြမ်းကာ ဗျာဒိတ်ကျမ်း၌ မြစ်တစ်မြစ် နှင့် အသက်ပင်ကို ခြယ်မှုန်းဖော်ကျူးထားသည် (ဗျာ ၂၂း၁-၂)။ သို့သော် ဥယျာဉ်နေရာ၌ မြို့တစ်မြို့
ကို အစားထိုးခဲ့သည်။ ထိုမြို့၌ ဘုရားသခင်ကို ပျပ်ဝပ်ကိုးကွယ်သူများနှင့် ပြည့်နေသည်။ သေခြင်း
နှင့် ဝမ်းနည်းခြင်းက ထိုမြင်ကွင်းကို အမှောင်မကျ မလွှမ်းမိုးတော့ပြီ။ ကောင်းကင်သစ်နှင့်
မြေကြီးသစ်၌ ကျွန်ုပ်တို့နိုးထချိန်တွင် ပျော်ရွှင်ဖွယ်နိဂုံးကို နောက်ဆုံးရရှိခံစားရမည်။
ကောင်းကင်ဘုံသည် နောက်မှစဉ်းစားရမည့်ကိစ္စ၊ စိတ်ကြိုက်ရွေးချယ်စရာ၊ ယုံကြည်ယူဆချက်မဟုတ်ဘဲ၊ ဖန်ဆင်းခံသက်ရှိတိုင်းအတွက် နောက်ဆုံး ဖြောင့်မတ်ရာ ရောက်ခြင်းဖြစ်သည်။ သမ္မာကျမ်းစာက လူသားတို့၏ ဝမ်းနည်းစိတ်ပျက်စရာအကြောင်း…

အမာနီ

`အမာနီ´ ဟူသောအမည်က ဆွာဟီလီ ဘာသာဖြင့် `ငြိမ်သက်ခြင်း´ဟု အဓိပ္ပာယ်ရသည်။ ၎င်းသည် လဘရာဒေါ အမျိုး ခွေးငယ်လေး၏အမည်ဖြစ်ပြီး ၎င်း၌ အထူး မိတ်ဆွေများ ရှိသည်။ အမာနီ သည် ဒါးလက်စ် တိရိစ္ဆာန်ရုံ၌ ချီတာကျားသစ်ပေါက်နှစ်ကောင်နှင့် အတူနေရသည်။ သတ္တဗေဒပညာရှင်များက ထို တိရိစ္ဆာန်များကို အတူထားခြင်းဖြင့် ကျားသစ်များက အမာနီ၏ သက်သောင့်သက်သာရှိသော ဟန်ပန် ကို
အတုယူရန်ဖြစ်သည်။ ခွေးသတ္တဝါများက ယေဘုယျ
အားဖြင့် လူအများကြား၌ သက်သာအေးဆေးမှု ရှိသဖြင့် အတူတကွ ရှင်သန်ကြီးပြင်းလာသည့် အလျောက် အမာနီသည် ကျားသစ်များအပေါ် “အေးဆေးတည်ငြိမ်မှုဖြင့် လွှမ်းမိုးနိုင်လိမ့်မည်” ဟု ကျွမ်းကျင်သူများက ခန့်မှန်းကြသည်။
ရှောလုမင်း၏ အသက်တာ၌ “ဆိုးသောဝိညာဉ်” နှောင့်ယှက်စဉ် ဒါဝိဒ်လေးမှာ သူ့ကို နှစ်သိမ့်သာယာမှုပေးပြီး လွှမ်းမိုးနိုင်ခဲ့သည် (၁ ရာ ၁၆း၁၄)။ ရှောလု၏ကျွန်များက သူ့ပြဿနာကိုသိပြီး၊ တေးဂီတသည်…

ချီးမွမ်းခြင်း သင်ခန်းစာ

ဆာလံ (၁၅၀) သည် လှပသော ချီးမွမ်းသီချင်းတစ်ပုဒ် ဖြစ်သည်သာမက ထာဝရ ဘုရားသခင်ကို ချီးမွမ်းရန် သင်ကြားပေးသည့် သင်ခန်းစာတစ်ခုလည်းဖြစ်သည်။ မည်သည့် နေရာ၌ ချီးမွမ်းရမည်၊ အဘယ့်ကြောင့် ချီးမွမ်း ရမည်၊ မည်သို့ ချီးမွမ်းရမည်၊ မည်သူချီးမွမ်းရမည် စသည်ဖြင့် ဖော်ပြထားသည်။
မည်သည့်နေရာ၌ ချီးမွမ်းရမည်နည်း ထာဝရဘုရားသခင်၏ “သန့်ရှင်းရာဌာနတော်” နှင့် “ကောင်းကင်မျက်နှာကြက်ပေါ်၌” ချီးမွမ်းရမည် (း၁)။ အရာခပ်သိမ်းကို ဖန်ဆင်းသောအရှင်အား ကမ္ဘာကြီး၏ ဘယ်နေရာမှာပင်ရှိရှိ ကျွန်ုပ်တို့ ချီးမွမ်း အပ်သည်။
အဘယ့်ကြောင့် ချီးမွမ်းရမည်နည်း - ၁။ ဘုရားသခင်ပြုသောအမှုများကြောင့် ချီးမွမ်းရမည်။ “ထူးဆန်းသောတန်ခိုးတော်”နှင့် ဘုရားသခင်ပြုမူသည်။ ၂။ ကိုယ်တော်၏ ဖြစ်တည်မှုကြောင့် ချီးမွမ်းရမည်။ ဆာလံဆရာက “ကိုယ်တော်၏အလွန်တရာ ကြီးမြတ် ခြင်းကို ချီးမွမ်းသည်”(း၂)။ အနန္တတန်ခိုးရှင် ဖန်ဆင်းရှင်သည် စကြဝဋ္ဌာကြီးကို စောင့်ထိန်း
တည်စေသောသူ ဖြစ်သည်။…

“ငါး” ဟု ဘုရားက တီးတိုးရေရွတ်

လွန်ခဲ့သောနှစ်များက မွန်တာနာ ပြည်နယ်ရှိ မက်ဒီဆန်မြစ်ထဲ၌ ကျွန်တော်နှင့် သားများ အတူတူလှေစီးရင်း ငါးမျှားထွက်ပြီး ပျော်ရွှင်ခဲ့ကြသည်။ ကျွန်တော်တို့နှင့်အတူ တံငါသည် လမ်းပြ နှစ်ဦးကလည်း ကျွန်တော်တို့ လှေကို မောင်းနှင်ပေးသူအဖြစ် လိုက်ပါခဲ့ကြသည်။
ကျွန်တော်သဘောကျသောလမ်းပြမှာ သူ့တစ်ဘဝလုံး ရေထဲ၌ ကြီးပြင်းခဲ့သူဖြစ်ပြီး ငါးကြီး
များရှိသည့် နေရာကို သိသည်။ သူက နှုတ်နည်းသူ
လူအေးဖြစ်ပြီး ကျွန်တော်တို့နှင့်အတူရှိနေစဉ် တစ်လျှောက်လုံး စကားဆယ်ခွန်း ပြည့်အောင်ပင် မပြောပါ။ သို့သော် သူပြောသည့် စကားတစ်ခွန်းစ နှစ်ခွန်းစက ကျွန်တော့်နေ့ရက်များကို ရှင်သန်သက်ဝင်စေပါသည်။
လှိုင်းအနည်းငယ်ကြမ်းသောရေပြင်၌ ယင်ကောင်အတုများကို ငါးစာအဖြစ် သုံးပြီး ကျွန်တော်တို့ ငါးမျှားကြသည်။ ကျွန်တော့်မျက်လုံးက ယခင်ကလို မကောင်းတော့ သဖြင့် ငါးအတော်များများလွတ်သွားကြသည်။ စိတ်အလွန်ရှည်သည့် ကျွန်တော့် လမ်းပြက
ယင်ကောင်အနီး အောက်ဘက်မှကပ်လာသည့်ငါးကြီးကို တွေ့လျှင် `ငါး´ ဟု တီးတိုး ရေရွတ်ကာ…